ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး (Community Centre) ခန်းမတွင် စာပေအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်

နမ့်ဆန် အောက်တိုဘာလ  ၂၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေအကြောင်းသိကောင်းစရာ  Talk Show ကို ယမန်နေ့နေ့လည် ၂ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက စာပေဆိုင်ရာ အကြောင်းအရာများအား ပြည်သူများကျယ် ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ကိုယ့်ကိုယ်ကိုယုံကြည်မှု စာအုပ်ပါ တိုးတက်ရန်နှင့်အကျိုးပြုရန် အခွင့်အလမ်းများဟာ လူတစ်ယောက်၏ ကိုယ်တွင်းမှာသာရှိပြီး မိမိကိုယ်ကို တန်ဖိုးထားလေးစားစွာ ရှုမြင်တတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ပြည့်ဝခြင်း စသည့်အကြောင်းအရာကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က စာဖတ်ကျင့်  အပိုင်းထဲမှ စာအုပ်စာပေလေ့လာခြင်းဟာ ပျိုးထောင်ယူရသည့် အလေ့အကျင့်ဖြစ်ကြောင်း စာအုပ်များကိုဖတ်ရင်းနှင့် နှစ်သက်သဘောကျပြီး စာများဖတ်လာသည့်အတွက် မိမိတို့ဘဝလက်တွေ့ အသုံးဝင်အကျိုးရှိလာမည်ဖြစ်သည့်အတွက် မိမိခံတွင်းနှင့်လိုက်မည့် စာအုပ်ကိုရှာပြီး စာဖတ်ကျင့်ရအောင် ကြိုးစားပျိုးထောင်စေလိုပါကြောင်း စာပေချစ်သူ စာဖတ်ပရိသတ်များ စာပေဖတ်ရှုမှု တိုးပွားလာစေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စာပေအကြောင်းသိကောင်းစရာစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)