နယ်ရုံးများ၏သတင်းများ

Dec 23,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမား(၅၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန်ထွက်ခွာသွားကြောင်း သိရသည်။
Dec 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် နေကြာသီးနှံဆီကြိတ်ခြင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စံပြစိုက်ကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 23,2022
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ခရိုင်အဆင့်ကျောင်းသားဘောလုံးပြိုင်ပွဲ လူရွေးပွဲကို အမှတ်(၁၀)ရပ်ကွက် အ.ထ.က (၆) ကျောင်းအားကစားကွင်းတွင် ယနေ့နံနက် (၇)နာရီအချိန်က ကျင်းပသည်။
Dec 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကံမြင့်စံပြကျေးရွာရှိ ခေမာဗုဒ္ဓတက္ကသိုလ်စာသင်ခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရှိသည်။
Dec 23,2022
ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ် / မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနများ၏ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) ကာလများတွင် ကောက်ခံရန်ကျန်ရှိသော အခွန်၊ အခများကိစ္စနှင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၂၁)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 23,2022
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို မြိုင်မြို့ အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
Dec 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။