ပေါင်းတည်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ လက်ကမ်းစာစောင်ဖြန့်ဝေ

ပေါင်းတည် ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများထံသို့ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ လက်ကမ်းစာစောင်များကို ယနေ့ နံနက်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်းစသည့် အချက်များပါဝင်ကြောင်းနှင့် အဆိုပါသတင်းစကား လက်ကမ်းစာစောင်ကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)