နယ်ရုံးများ၏သတင်းများ

Dec 24,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို  ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က Community Centerခန်းမ၌ ကျင်းပခဲ့သည်။
Dec 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCenter) ခန်းမ၌ ယမန်နေ့ (၁၁)နာရီခွဲအချိန်တွင် စာပေချစ်မြတ်နိုးသူသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော ပန်းလိုချင်အပင်ကိုပျိုးတတ်မှစာ အုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
Dec 24,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့၌ ကျရောက်မည့်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ ကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်၈နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community  Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစယ်လန့် အကင်နှင့်စားသောက်ဆိုင်တို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို ရွှေစယ်လန့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးဝင်းအတွင်းရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပသည်။
Dec 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကျောင်းသား/ ကျောင်းသူများအား ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပင်လယ်ရေထွက်ခရုအမျိုးအစားထဲမှ လူကြိုက်အများဆုံးဖြစ်သည့် (ဂျင်း)ခရုသည် ယခင်နှစ်ထက် ဈေးကောင်းရရှိနေကြောင်း သိရသည်။
Dec 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများအသိပညာဗဟူသုတ တိုးပွားရရှိစေရန်အတွက် ယနေ့နံနက် (၁၀)နာရီက မြို့ပေါ်ရပ်ကွက်များရှိဌာနဆိုင်ရာများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Dec 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့က စတင်ယှဉ်ပြိုင်ကစားပြီး ဇန်နဝါရီလ ၄ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။