ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲဆောင်ရွက်

ကွန်ဟိန်း ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲအား ယနေ့နံနက် (၉)နာရီခွဲ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့် က ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ထွေးထွေးခိုင် က ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများအား ဟောပြောခဲ့ကြသည်။

ယင်းနောက် ပြသထားသော ဓါတ်ပုံပြခန်းအား ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲနှင့်ဓါတ်ပုံပြခန်းအား ကျောင်းသား၊ကျောင်းသူများ နေ့ထူးနေ့မြတ်များ အစဉ်အမှတ်ရနေစေရန်၊ အသိပညာ ဗဟုသုတများတိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)