ဟုမ္မလင်း ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးအဖွဲ့တို့ ပူးပေါင်း၍(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.မ.က (၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးဧဆက်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ၊ ပြည်ထောင်စုနေ့ ဦးတည်ချက်များနှင့်ပြိုင်ပွဲ ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာမူလတန်းလွန်ကျောင်းမှ Grade-4နှင့် Grade-5ကျောင်းသား/သူ (၂၈) ဦးတို့က စိတ်ကြိုက်ပန်းချီပြိုင်ပွဲများအသီးသီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု ရရှိသူများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံးစေ့နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီမြှင့်ပေးအပ်ခဲ့ကြပြီး၊ ဆုရရှိသူများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများအားဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး ထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)