ရွှေပြည်သာမြို့နယ်တွင် လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရွှေပြည်သာ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ၊ ကျောင်သား/ကျောင်းသူများ ဗဟုသုတများ တိုးပွားစေရန်၊ နိုင်ငံ့သားကောင်းရတနာများ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီတွင် ရွှေပြည်သာမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့သည်ဆက်လက်၍ စာရေးဆရာ အယ်ဒီတာဦးသူရဇော်(ဉာတတ္ထစရိယာ)က လူငယ်ရေးရာနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသ စာအုပ်၊ စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)