Nov 17,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်သည့် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီ က အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ)တွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးခိုင်စိုး၊ ခရိုင်ပညာရေးမှူးရုံးမှ ဦးမွန်ကျော်မြင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးကြည်နွယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးလင်းထူး၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေး ၊ မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။