နယ်ရုံးများ၏သတင်းများ

Dec 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Book Club အဖွဲ့ မှ စာရေးဆရာ နတ်သျှင်၊ ရွှေဂူ၏ အနာဂတ်ကိုမျှော်တွေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Dec 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ  မြန်မာ့ရိုးရာ စကား ပုံဆက်ပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စမ်းချောင်း မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။
Dec 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က  ဆောင်ရွက်ခဲ့သည်။
Dec 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre)ခန်းမတွင် စာဖတ်ပရိတ်သတ်များ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ စာပေမှအသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေမှရရှိသောဗဟု သုတများအား အချင်းချင်းအသိပညာများမျှဝေတတ်စေ ရန်ရည်ရွယ်၍  ယမန်နေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသည့်" ကိုယ်ရည်ကိုယ်သွေး စိတ်ပညာ"  စာအုပ်အားစာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
Dec 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတကြွယ်ဝစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၂)နာရီအ ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်းကို ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၂၃)ပါ စာရေးဆရာချစ်နိုင် ရေးသားသည့် ဆက်ဆံမှုနှင့်အောင်မြင်ရေးခေါင်းစဉ်ဖြင့် ပညာရေးဌာနနှင့်ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
Dec 20,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသူကျောင်းသားများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Dec 20,2022
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်းတွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည်တိုက်တွင်  ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Dec 20,2022
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာ(Community Centre) ခန်းမ၌ ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျောင်းသား/ကျောင်းသူများဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။