နယ်ရုံးများ၏သတင်းများ

Dec 25,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများ အသင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက လူထု အခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် မသန်စွမ်းသူများနှင့်  ပတ် သက်သည့်  အသိပညာပေးဆွေးနွေးပွဲ Talk  Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 25,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးဆိုင်ရာ သိကောင်းစရာ Talk Show အား ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကော့သောင်း မြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်းကာ ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ သည်။
Dec 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာအောင်သင်း ၏စာရိတ္တမာနစာအုပ် ဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းBook Club အဖွဲ့ စာဖတ် ဝိုင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Dec 25,2022
ဧရာဝတီတိုင်းဒေသကြီး ၊မအူပင်ခရိုင်၊ မအူပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အတွေ့အကြုံရရှိစေခြင်းခေါင်းစဥ်ဖြင့်အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ ပြုလုပ်ခဲ့သည်။
Dec 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ (၇၅)နှစ်မြောက် လွတ်လပ်ရေး နေ့အကြို ပန်းချီဆွဲပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နေ့လယ် (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၀)ဦးတို့က လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရသည်။
Dec 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံးတွင် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီ အချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲ ကို မြို့နယ်ရုံးရှိ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်သည်။
Dec 24,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 24,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို  ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က Community Centerခန်းမ၌ ကျင်းပခဲ့သည်။