ပုလောမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေး စာစောင်များနှင့် စတေကာများ ဖြန့်ဝေ

ပုလော  ဖေဖော်ဝါရီ  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ် မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍မီးဘေးလုံခြုံရေး ပညာပေးစာစောင်များနှင့်စတေကာများကို ယမန်နေ့ နံနက် ၈ နာရီက ပုလောမြို့ ပုလောတံတားထိပ်တွင် ဖြန့်ဝေခဲ့သည်။

ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဇင်ထိုက်က ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိတော့မှာဖြစ်၍ မိဘပြည်သူများ အနေဖြင့် မီးဘေးန္တရာယ် သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်စေရန်၊ မီးဘေးအန္တရာယ်အရေးပေါ်ဖြစ်ပေါ်လာက မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ် 191 ကို အကြောင်းကြားနိုင်ရန် ရည်ရွယ်၍ လက်ကမ်းစာစောင်နှင့်စကေကာများ အခမဲ့ဖြန့်ဝေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ ဖြန့်ဝေရာတွင် မီးဘေးလုံခြုံရေး အသိပညာပေးစာစောင် စောင်ရေ (၂၀၀)နှင့် အရေးပေါ် ဖုန်းနံပါတ် 191 ပါစတေကာ အခု (၂၀၀) ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)