ပုဗ္ဗသီရိ၌ ကျား၊ မအခြေပြု အကြမ်းဖက်မှု အသိပညာပေးTalk Show ကျင်းပ

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျား၊ မ အခြေပြု အကြမ်းဖက်မှု အသိပညာပေးTalk Show ကို ယနေ့နံနက် ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က  အမျိုးသား၊ အမျိုးသမီး တာဝန်ခွဲဝေမှုအကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ လူအားလုံးကို မည်သူကိုမျှ ခွဲခြားဆက်ဆံခြင်း၊ နောက်ချန်ထားခဲ့ခြင်းမရှိဘဲ အားပြည့်အင်ပြည့် စွမ်းအားထုတ်ပြီး အလုပ်လုပ်ဖို့ လိုအပ်ကြောင်း၊ ကျား၊ မ ခွဲခြားဆက်ဆံမှုဆိုတာ လူအသိုင်းအဝိုင်းမှာ ခြလိုစားနေတဲ့ အရာတစ်ခုဖြစ်ကြောင်း၊ ကျား၊ မ မခွဲခြားဘဲ တာဝန်ကို ဦးထမ်းပဲ့ ထမ်းအတူတူထမ်းရွက်ကြရန်လိုအပ်ကြောင်း၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဖြစ်ပွားရတဲ့အကြောင်းများ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုကြောင့် ထိခိုက်နိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းနှင့် အကြမ်းဖက်မှုမခံရစေရန် သိရှိထားရမည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက် မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို We Love Pobbathiri Facebook Pageတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)