မော်လမြိုင်မြို့နယ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်

မော်လမြိုင် ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက စတင်ပြသဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာနှင့်ရုရှားတို့၏ သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်မှတ်တမ်းများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ အရှေ့ဖျားရေငုတ်သင်္ဘောဌာနချုပ်၊ အာကာသလွှတ်တင်ရေးစခန်း၊ လေယာဉ် ထုတ်လုပ်ရေးစက်ရုံများ လေ့လာကြည့်ရှုခဲ့သည့် မှတ်တမ်းပုံများအား ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် နှစ်နိုင်ငံအစိုးရအကြီးအကဲများ အချင်းချင်းပူးပေါင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံ(၂၀)ပုံအား ပြသပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင် ပြန်/ဆက်