နယ်ရုံးများ၏သတင်းများ

Dec 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Clubနှင့် Youth Club အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)ရေးသားထားသော “ပန်းလည်းလှစေ ပျားလည်းဝစေနှင့် စာပေရေးရာအဖြာဖြာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ ၂နာရီ ခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ များ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆိပ်ကြီးရပ်ကွက် အခြေခံပညာ အလယ်တန်း ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့သည်။
Dec 09,2022
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ်  ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အထက (၁ )ကျောင်း၊ မြတ်ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက စာအုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 09,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ဘူးသီးတောင်မြို့ လူထုအခြေ ပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
Dec 08,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် (၁၀) နာရီ အချိန်ခန့်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကျောင်းစာများအပြင်၊ စာပေလေ့လာဖတ်ရှုခြင်း အလေ့အကျင့်များဖြစ်စေရန်၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆေးရောင်ချယ်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2022
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူး၍  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးလူငယ်များအသိပညာအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများ ရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သညလူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့အတွက်ရည်ရွယ်၍ ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက ငလီမြို့ အထက(ငပလီ)ကျောင်း၌ ကျင်းပပြုလုပ်သည်။