နယ်ရုံးများ၏သတင်းများ

Feb 25,2023
မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာများနှင့် Book Club အဖွဲ့ဝင်များ စုပေါင်း၍ ပျော်ရွှင်ခြင်း စာအုပ်စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
Feb 25,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက ပညာတံခွန်ကိုယ်ပိုင်အထက်တန်း အဆင့်သင်ကျောင်းတွင် ကျင်းပခဲ့သည်။
Feb 25,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့  နေ့လည်ပိုင်းက လက်ရက်ကန်းပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Show ကို ပြုလုပ်သည်။
Feb 24,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေ ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများ အသင်း တို့ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် စာမဖတ်သူပပျောက်ရန်၊ စာပေချစ်မြတ်နိုးသူများ များပြားလာစေရန် စာပေနှင့် ရင်းနှီးမှုရရှိပြီး စာပေမှရရှိသောဗဟုသုတများအား စာပေချစ်မြတ်နိုးသူများမှ အချင်းချင်း ဖလှယ်ခွင့်ရရှိစေရန် ရည်ရွယ်၍ စာပေကဏ္ဍ ဆွေးနွေးခြင်းစာဖတ်ဝိုင်းအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀:၀၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်းကာ ဆရာအောင်သင်းရေးသားသည့် ”ကိုယ့်ကိုယ်ကိုယ်ပြဋ္ဌာန်းခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်ယဉ်ကျေးမှုအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk show)ကို ယမန်နေ့နံနက်(၁၀)နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ နတ်ရှင်(ရွှေဂူ)ရေးသားသည့်“လူငယ်များ၏ ရွှေရောင် မနက်ဖြန်” စာအုပ်ဖြင့် ယနေ့နံနက် ၁၁ နာရီက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Feb 24,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (talk- Show)ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။