မဟာအောင်မြေ ဖေဖော်ဝါရီ ၂၅
မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာများနှင့် Book Club အဖွဲ့ဝင်များ စုပေါင်း၍ ပျော်ရွှင်ခြင်း စာအုပ်စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်နှင့် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်(မင်းဏီလူ)၊ စာရေးဆရာ လွတ်လပ်ငြိမ်းနှင့် Book Club အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ရှေးဦးစွာ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော စာရေးဆရာများနှင့် Book Club အဖွဲ့ဝင်များက စာရေးဆရာ ကျော်ကျော်လှိုင် ၂၀၁၇ ခုနှစ် ထွန်းဖောင်ဒေးရှင်း လူငယ်စာပေဆုရသည့် ပျော်ရွှင်ခြင်းစာအုပ်မှ ပါဝင်သည့် ကိုယ်ပိုင်အတွေးအခေါ်၊ ပျော်ရွှင်မှုနှင့်အခက်အခဲ၊ ဝင်ငွေတိုးအောင် အလုပ်မှာပျော်အောင်နေပါ၊ မိတ်ဆွေနှင့်မိသားစုမှ ချစ်ခင်ရင်းနှီးမှုနှင့် မိသားစုအကြောင်းအရာများ စသည့် အခန်းလိုက်ပါ ခေါင်းစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း