လူထုအ​ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေး(Talk-Show)ဆွေးနွေးပွဲကျင်းပ

ကျိုက်မရော ဖေဖေါ်ဝါရီ  ၂၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (talk- Show)ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲ(Talk-Show)ကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်တင်ဆက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားပြီး ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကျော်ညွန့်က ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်မှုလျော့နည်းကျဆင်းရေး၊ ယာဉ်မတော်တစ်ဆမှုများ လျော့နည်းစေရေးရည်ရွယ်၍ ပညာပေးဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးရာ၌ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ အရ မည်သူမဆို အများပြည်သူဆိုင်ရာလမ်းတွင် အရမ်းမောင်းနင်းခြင်း၊ အရမ်းစီးနင်းခြင်းပြုလုပ်ပါက (၂နှစ်)ထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေ (၁၀၀၀/)ကျပ်ထိ ဒဏ်ငွေဖြစ်စေ ဒဏ်ငွေ နှစ်ရပ်လုံးပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း မော်တော်ယာဉ်မောင်းနှင်သူများ၊ ဆိုင်ကယ်မောင်းနှင်သူများ၊ ခြေလျင်လမ်းလျောက်သူများအားလုံး လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပြည်သူများလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်းကြီးကြပ်မှု အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် မျိုးမင်းသန့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်၍ မော်တော်ယာဉ်မောင်းသူများ၊ ဆိုင်ကယ်မောင်းသူများအား လိုက်နာရန်အချက်အလက်များကို ပညာပေး ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ(talk-show)အပြီးတွင် ကျိုက်မရော-မော်လမြိုင်သွား ကားလမ်းဆုံ၌  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို  အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)