သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

သန်လျင် ဖေဖေါ်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ နတ်ရှင်(ရွှေဂူ)ရေးသားသည့်“လူငယ်များ၏ ရွှေရောင် မနက်ဖြန်” စာအုပ်ဖြင့် ယနေ့နံနက် ၁၁ နာရီက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်မိုးမိုးနှင်းက ဘဝအဆင့်အတန်းမြှင့်ကြပါစို့” ခေါင်းစဉ်ပါအကြောင်းအရာဖြင့် ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် ဒေါ်ယမင်းက “ဘဝဆိုတာ အရှုံးပေးဖို့မဟုတ်ဘူး” ခေါင်းစဉ်ပါအကြောင်းအရာဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်​။

ခရိုင်(ပြန်/ဆက်)