သာကေတ ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် စာမဖတ်သူပပျောက်ရန်၊ စာပေချစ်မြတ်နိုးသူများ များပြားလာစေရန် စာပေနှင့်ရင်းနှီးမှုရရှိပြီး စာပေမှရရှိသောဗဟုသုတများအား စာပေချစ်မြတ်နိုးသူများမှ အချင်းချင်း ဖလှယ်ခွင့်ရရှိစေရန် ရည်ရွယ်၍ စာပေကဏ္ဍ ဆွေးနွေးခြင်းစာဖတ်ဝိုင်းအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀:၀၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်းကာ ဆရာအောင်သင်းရေးသားသည့် ”ကိုယ့်ကိုယ်ကိုယ်ပြဋ္ဌာန်းခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီးမြို့နယ် (Book Club) ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်မှ ကိုယ့်ကိုယ်ကိုယ်ပြ ဋ္ဌာန်းခြင်းစာအုပ်၌ ပါရှိသည့် အကြောင်းအရာများ ဖြစ်သည့် “လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်၍ ရေးသားထားသည့် အကြောင်းအရာများမှာ အဖိုးထိုက်တန်ကြောင်း၊ လူတစ်ဦးမွေးဖွားရာမှစ၍ သေဆုံးသည့်တိုင် လိုအပ်ချက်များဖြည့်ဆည်းရန် လိုအပ်သည့်အကြောင်းအရာများ၊ လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရောက်သည့်နေရာမှ မရပ်နားဘဲ အရွေ့နှင့်အတူ မိမိကိုယ်ကိုယ် ကြိုးစားပြဋ္ဌာန်းဖို့ လိုအပ်ကြောင်း အကျယ်တဝင့်ဆွေးနွေးကာ တက်ရောက်လာသည့် စာပေချစ်မြတ်သူများမှ သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးပြီး စာဖတ်ဝိုင်းအား ရုတ်သိမ်းခဲ့သည်။
အဆိုပါစာဖတ်ဝိုင်း၌ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့များမှ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)