နယ်ရုံးများ၏သတင်းများ

Mar 03,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
Mar 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူငယ်နှင့်စာပေအကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၉:၃၀ နာရီက စာရေးဆရာမ မေမြတ်စန္နာနှင့် ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 03,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီအနုပညာကို စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ရေးဆွဲနိုင်စေရန်အတွက် နွေရာသီအခြေခံပန်းချီပညာရေးဆွဲနည်းသင်တန်းကို မတ်လ ၁ ရက် နံနက် ၈ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Mar 02,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် များ၊ ဟုမ္မလင်းတပ်နယ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်း ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁ ရက် နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းခရိုင် စုပေါင်းရုံးတည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် တည်ဆောက်ရေးတာဝန်ခံများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
Mar 01,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နေ့လယ်(၂) နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 01,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများရှိစေရေးနှင့် စာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
Mar 01,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများနှင့် ပူးပေါင်း၍ စာရေးဆရာကောင်းပြည့်သော်၏ “လူငယ်တို့ရဲ့ခမ်းနားသော ပစ္စုပ္ပန် တောက်ပသော အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Mar 01,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ (သဒ္ဒါ) အခမဲ့သင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများအချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အင်္ဂလိပ်စာဘာသာရပ်၌ အခြေခံကျသည့်(သဒ္ဒါ)ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ရေးနိုင်၊ ဖတ်နိုင်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၇ ရက်က မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။