နယ်ရုံးများ၏သတင်းများ

Dec 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book  Club အဖွဲ့ဝင်များက စာရေး ဆရာအောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့်အခြားဆောင်းပါးများစာအုပ်ကို ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Dec 16,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အများပြည်သူများ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်​ရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လှူဒါန်းသည့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 15,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်အတွင်းရှိပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ မွန်းလွဲပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၅ )နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ်ကလေးငယ်များနေ့ထူးနေ့မြတ်များ၏ သမိုင်းကြောင်းများကိုသိရှိစေရန်ရည်ရွယ်၍ လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်   လူအများရှေ့  စကားပြောဆိုရာ၌  ရဲဝံ့စွာ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊  စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများနှင့်ပြည့်စုံပြီး   ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  ဒုတိယအကြိမ်မြောက် လူငယ်စကားဝိုင်းကို  ယနေ့နံနက် ၉ နာရီက သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Dec 14,2022
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် စာငှား/စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ရုံးဌာနများနှင့် စာသင်ကျောင်းများအရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။