Dec 14,2022
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း ပညာသရဖူခန်းမ၌ လူငယ်စကားဝိုင်းကျင်းပကြောင်း သိရသည်။