နယ်ရုံးများ၏သတင်းများ

Mar 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက တိုက်နယ်ဆေးရုံနှင့် အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနရုံး စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်လာရောက်လေ့လာ၊ ဖတ်ရှု၊ ငှားရမ်းခြင်းများ တိုးတက်များပြားလာကြောင်း သိရှိရသည်။
Feb 28,2023
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Feb 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ကုန်တင်ကုန်ချသို့ သွားရောက်၍ သုတ/ရသ စာအုပ် စာစောင်များကို ယနေ့ မွန်းလွဲ ၂နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Feb 28,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်နှုန်းတိုးတက်စေရန်အတွက် စာပေကို ချစ်မြတ်နိုးသောဝန်ထမ်းများ စာအုပ်စာပေ အလွယ်တကူဖတ်ရှုနိုင်စေရန်အတွက် မြို့နယ် စီမံကိန်းရုံးသို့သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းမှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Feb 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ‌က‌လေးငယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ လာရောက်၍ စာအုပ်စာ‌စောင်များလေ့လာဖတ် ရှုငှားရမ်းကြ‌ကြောင်း သိရသည်။၊
Feb 28,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နွေရာသီကျောင်းပိတ် ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ နားရည်၀၍ ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာကို အခမဲ့သင်ကြားပေး မည်ဖြစ်သည်။
Feb 28,2023
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၏လိုအပ်ချက်များနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါအဆောက်အဦ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။