မုဒုံ ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက လက်ရက်ကန်းပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Show ကို ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုဒုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လက်ရက်ကန်းပညာအကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Talk Show အစီအစဉ် ကိုပြုလုပ်ရာ မြို့နယ်ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းနည်းပြ ဒေါ်နှင်းစုဖွေးက ရက်ကန်းပညာနှင့်သင်တန်းကျောင်းသမိုင်းကြောင်းများ၊ ခေတ်မီချည်မျှင်နှင့် အထည်လိပ်အတတ်ပညာများ လေ့ကျင့်သင်ကြားပေးရန်နှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊ ရိုးရာရက်ကန်းအတတ်ပညာများ ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသတွင်းလိုအပ်ချက်နှင့် ကိုက်ညီသော အသက်မွေး ဝမ်းကျောင်းအတတ်ပညာသင်တန်းများ ပို့ချပေးရန်၊ ရက်ကန်းလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လက်ရက်ကန်းအမျိုးအစားနှင့် သင်တန်းအမျိုးအစားများကိုလည်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် မြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လိုပါက ဆက်သွယ်ရန်ဖုန်းနံပါတ်၊ လိပ်စာနှင့် အချက်အလက်များအား (ရက်ကန်းကျောင်း၊ မုဒုံမြို့) Facebook Page တွင်လည်း ဝင်ရောက်စုံစမ်းနိုင်ကြောင်း သိရသည်။
မုဒုံသူ (ပြန်/ဆက်)