Feb 24,2023
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံး ချတတ်စေရန်၊ ကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားပြီး ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်ပန်း ချီပညာရှင်များ ပူးပေါင်း၍ နွေရာသီအခြေခံ ပန်းချီသင်တန်း (အခမဲ့) ကို လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင် ကြားပေးမည်ဖြစ်ကြောင်း သိရသည်။