နယ်ရုံးများ၏သတင်းများ

Dec 13,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၏စီစဉ်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ အခြေခံလူတန်းစားများအားချိုသာသော ဈေးနှုန်းဖြင့်စားသုံးဆီများ ရောင်းချပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက ညောင်နီပင်ကျေးရွာနှင့်ကန်သာ ကျေးရွာတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Dec 13,2022
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဆိုင်ရာနံရံကပ်စာစောင်ပြပွဲနှင့် မှတ်တမ်းဓာတ်ပုံပြပွဲများကို ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‎ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ ညနေပိုင်းက ပြသခဲ့သည်။
Dec 13,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် ယမန်နေ့ နေ့လယ်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေါင်းဆောင်မှအ​အတွေး၏ အရေးပါမှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့​သည်။
Dec 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Dec 12,2022
ကရင်ပြည်နယ်မြဝတီ၊ ခရိုင်စုကလိမြို့တွင် လူငယ်များအကြားလူမျိုးတုန်းစေနိုင်သည့် မူးယစ်ဆေးဝါးများအကြောင်း အသိပညာပေး လုပ် ငန်းအဖြစ် Talk Show အား ယနေ့နံနက်ပိုင်းတွင် စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centerတွင် ပြုလုပ်ခဲ့သည်။
Dec 12,2022
 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍  အမျိုးသမီးများအကြမ်းဖက်မှုပပျောက်‌ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီက လူထုအခြပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Dec 12,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ယနေ့နံနက် ၁၀ နာရီခွဲက ဟောပြောပွဲနှင့်ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်၊ အင်္ဂလိပ်စာစွမ်းရည်၊ အိပ်စွပ်အပြေးပြိုင်ပွဲနှင့် ဘောလုံးပစ်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 11,2022
စိန်ရတုလွတ်လပ်ရေးနေ့(အကြို) အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။