ကျောက်တန်းမြို့နယ်၌ လူငယ်နှင့်ယဉ်ကျေးမှုအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk Show)ကျင်းပ

ကျောက်တန်း ဖော်ဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်ယဉ်ကျေးမှုအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk show)ကို ယမန်နေ့နံနက်(၁၀)နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုက လူငယ်နှင့်ယဉ်ကျေးမှုနဲ့ပတ်သတ်ပြီး ယနေ့လူငယ်များ ယဉ်ကျေးစွာ ဝတ်စားဆင်ယဉ်သွားလာစေရန်  ရည်ရွယ်၍ ဆွေးနွေးပြောကြားခြင်းဖြစ်ပြီး လူငယ်များအသိပညာများ တိုးတက်လာပြီး ခေတ်နှင့်အညီ အဝတ်အစားဆင်ယဉ်ပုံ သွားလာနေထိုင်ပုံကို အသိပညာများရရှိစေရန်ရည်ရွယ်ကြောင်း မြန်မာတို့၏အစဉ်အလာအရ မြန်မာဆန်စွာဝတ်စားဆင်ယဉ်မှုရှိပုံကို ဗဟုသုတရစေမည့် အကြောင်းအရာများ တိုးတက် လာသည့် ခေတ်စနစ်တွင် ဝတ်စားဆင်ယဉ်မှုမှာလဲ တိုးတတ်တက်ပြောင်းလဲလာကြောင်း Book club အဖွဲ့ဝင် ဒေါ်ချိုချိုမာနှင့်အတူ ဆွေးနွေး ပြောကြားခဲ့သည်။

ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အစဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်း(ပြန်/ဆက်)