မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲကျင်းပ

မြောက်ဥက္ကလာပ မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြောက်ဥက္ကလာပမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်မြမြဝင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြား ခဲ့ပါသည်။

ဆက်လက်၍တက်ရောက်လာကြသည့် စာကြည့်တိုက်များမှ စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏စာကြည့်တိုက်များ ရှင်သန်အောင်မြင်အောင် ဆောင်ရွက် နေသည့်လုပ်ငန်းများအား အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် လူငယ်အားမာန် သုတ ဘဏ်စာကြည့်တိုက်၊ စေတနာရှင်စာကြည့်တိုက်၊ သော်တာဆွေစာကြည့်တိုက်၊ အရှင်အာနန္ဒာစာကြည့်တိုက်များသို့ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့ကလှူဒါန်းသည့် စာအုပ်များကို ထပ်ဆင့်လှူဒါန်းပေးခဲ့ရာ သက်ဆိုင်ရာစာကြည့်တိုက်များက တာဝန်ရှိသူအသီးသီး လက်ခံရယူ ခဲ့ကြကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)