ကန့်ဘလူ မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းကို မတ် ၂၀ ရက်တွင် စတင်၍ လူထုအခြေပြုဗဟိုဌာန၌ အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်များကို အကျိုးရှိစွာ အသုံးချပြီး ကာယ ဉာဏဖွံ့ဖြိုးရေး၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားရေး၊ အသိပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ အင်္ဂလိပ်စာဘာသာရပ်တွင် အခြေခံကျသည့် Grammar, Noun, Pronoun, Adjective, Verb စသည့် စကားလုံးအသုံးအနှုန်းများကို သေချာစွာသိရှိ၍ အသုံးပြုတတ်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် Grade- 5 မှ Grade- 9 အထိ ကျောင်းသား၊ ကျောင်းသူများ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)