ညောင်တုန်းမြို့နယ်၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ညောင်တုန်း မတ် ၁၉

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတက်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက Community Center ခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ပြိုင်ပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြား၍ စာစီစာကုံးပြိုင်ပွဲကို "နွေရာသီကျောင်းပိတ်ရက်အပန်းဖြေခရီး၊ မိသားစုနှင့်အတူ ပျော်ရွှင်စွာခရီးထွက်ခြင်း၊ နွေတပေါင်း၏ သာယာပုံ" စသည့် ခေါင်းစဉ်ဖြင့် ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မတ်လ ၂၀ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centerခန်းမ၌ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)