နယ်ရုံးများ၏သတင်းများ

Feb 10,2023
ပြည်သူလုထုအတွင်း စားသုံးနေသည့် အစားအစာများဘေးဥပါဒ်ကင်းရှင်းစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် စားသုံးသူများ၏ အခွင့်အရေးအပြည့်အဝ ရရှိစေရန် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပခဲ့သည်။
Feb 10,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Feb 10,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 10,2023
သံတွဲခရိုင်၊ ငပလီမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အ.ထ.က ငပလီ အခြေခံပညာအထက်တန်းကျောင်း၊ အ.လ.က ဇီးဖြူကုန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Feb 10,2023
တောင်သာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်သာမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများသည် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်သာမြို့အနောက်ရပ် အခြေခံပညာ အလယ်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Feb 10,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောင်းသား/သူများ စာပေဗဟုသုတလေ့လာ ဖတ်ရှုနိုင်စေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးတို့ကို ရည်ရွယ်ပြီး ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂၆) အခြေခံပညာ အထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ထန်းကုန်းကျေးရွာအုပ်စု ထန်းကုန်း အ.ထ.က (ခွဲ) ကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး ဟောပြောပွဲကျင်းပခဲ့သည်။
Feb 10,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကြီးမှူး၍(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြို လှုပ်ရှားမှုအဖြစ်ကဗျာရွတ်ဆိုပြိုင်ကို ယနေ့မွန်းလွဲ ၁နာရီအချိန်က ရမည်းသင်းမြို့ ဝါတိုး ရပ်ကွက်အတွင်းရှိ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။