ကျွန်းစု မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံ (Video Editing) သင်တန်းကို မတ်လ ၁၇ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
“နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် မြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာနကို အသုံးပြုပြီး မိမိတို့ရဲ့ တိုးတက်မှုတွေကို စာကြည့်တိုက်မှာ ရှာဖွေနိုင်စေပြီး ဗီဒီယို တစ်ပုဒ်ကို မိမိကိုယ်တိုင် တည်းဖြတ်မှု ပြုလုပ်ပြီးတော့ ကိုယ်ပိုင်စိတ်ကူးများဖြင့် ဖန်တီးတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ်” ဟု၍ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ရှင်းလင်းပြောကြားခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ ပိုစတာများနှင့် စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့သည်။
ထို့နောက် (Video Editing)၏ အခြေခံအကျဆုံး အပိုင်းများဖြစ်သော App ထဲသို့ ဓာတ်ပုံ၊ ဗီဒီယို ထည့်သွင်းနည်း၊ မလိုချင်သည့်အပိုင်းများအား ဖြတ်တောက်နည်း၊ ဗီဒီယို စနစ်တကျ ထားရှိနည်း၊ သီချင်းထည့်သွင်းနည်း၊ Transition၊ Effect၊ Filters အသုံးပြုနည်းများ၊ စာတန်းရေးသွင်းနည်း၊ Export ထုတ်နည်းများကို အခမဲ့ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)