ကျောက်တန်း မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် စာပေနှင့်စာဖတ်ခြင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၁၀ နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုက စာပေနှင့်စာဖတ်ခြင်းပတ်သက်ပြီး လူငယ်များအနေဖြင့် စာပေဗဟုသုတရရှိစေရန်၊ စာများကိုဖတ်ရှုသင့်ကြောင်း၊ စာတက်သူနှင့်စာမတက်သူတို့သည် စကားပြောဆိုရာတွင် ကွာခြားပုံ၊ အနေအထိုင်၊ အပြုအမှုတို့တွင်လည်း ကွာခြားကြောင်း ပြောကြားပြီ၊ လူငယ်များအနေဖြင့် ဗဟုသုတရရှိစေရန်အတွက် စာပေများကို အချိန်နှင့်အမျှ လေ့လာဖတ်ရှုသင့်ကြောင်းကို စာထောက်-၃ ဒေါ်လင်းလင်းမော်နှင့်အတူ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တန်း(ပြန်/ဆက်)