အိမ်မဲ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဥာဏ်စမ်း ပဟေဠိပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၂ နာရီတွင်ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ အသိပညာဗဟုသုတများရရှိစေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတတ်သည့် အလေ့အထကောင်းများရရှိစေရန် အစရှိသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ)