မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေး မတ် ၂၂

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)က ဆရာမောင်မင်းစိုး၏ လူငယ်နဲ့ အထက်တန်းစားစိတ်ဓါတ်စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ဆရာမင်းမြတ်မိုး(မန်းမြေ)က လူငယ်နဲ့လိုအပ်ချက်များ၊ လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ကျန်းမာရေး၊ လူငယ်နဲ့တန်ဖိုးအကြောင်း၊ ဆရာမ ဝေးလွင့်တိမ်က လူငယ်နဲ့မေးခွန်း၊ လူငယ်နဲ့အမြင်၊ လူငယ်နဲ့ရယူခြင်းအ‌ကြောင်း၊ ဆရာထွန်းလူက လူငယ်နဲ့အဆုံးအမ၊ လူငယ်နဲ့အထက်တန်းစား စိတ်ဓာတ် တို့အကြောင်း ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက မိမိတို့သိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)