နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

နမ့်စန်() မတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို မန်နေ့ ညနေ ၃ နာရီက  ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဟွမ်ခမ်းတို့က အပူဒဏ်အန္တရာယ်၊ အပူဒဏ်ကာကွယ်ရေးနှင့် တိုင်းရင်းဆေးနှင့် ပတ်သက်သည်များကို အသိပညာပေး ဆွေးနွေးပြောကြား ခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsang Facebook Page တို့တွင် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်

သူရအောင်(ပြန်/ဆက်)