ပလောက်မြို့၌ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပလောက်  မတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်က ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူရစေခြင်းများ၊ အားကစားကို မည်သူမဆို လေ့လာလိုက်စားရမည့် အချက်များစသည်တို့ကို ဆွေးနွေးခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချိုချိုဌေးက နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်လေးများ ကျန်းမာကြံ့ခိုင်စေရန် အားကစားဆောင်ရွက်သင့်သည့် အားကစားနည်း အမျိုးအစားများနှင့် ပတ်သက်၍  အပြန်အလှန်ဆွေး နွေးခဲ့ကြကြောင်း သိရသည်။

ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြပွဲ၊ ပြိုင်ပွဲများအား ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက် Online Facebook Page မှလည်း ကလေးများအတွက် ပုံပြင်၊ ကဗျာရွတ်၊ စာအုပ်မိတ်ဆက်၊ အစီအစဉ်များနှင့် အခြားဗဟုသုတရဖွယ် ကဏ္ဍများကိုလည်း လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)