မိုင်းရှူးမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မ‌တော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ

မိုင်းရှူး မတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူစည်ကားရာစျေး၊ ဆိုင်ခန်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စောင်ရေ(၄၅၀)စောင် အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့၊ တပ်မတော်၏အား (၁၀)ပါး၊ (၁၃-၇-၁၉၄၇) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ (၂၃-၃-၂၀၂၂) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စာရေးဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားထားသော ပြည်သူချစ်တဲ့ တပ်မတော် ကဗျာ၊ “အမျိုးသားနိုင်ငံရေး တာဝန်များကို သစ္စာရှိရှိကျေပွန်စွာ ထမ်းဆောင်”၊ “အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ” နှင့် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” စသည့် အချက်များပါရှိကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)