ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမရှေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံပြသ

ကြာအင်းဆိပ်ကြီး မတ် ၂၂

ကမ္ဘာ့အပူချိန်မြင့်မားလာမှုအား လျှော့ချနိုင်စေရေး ကမ္ဘာ့ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးနှင့် စိမ်းလန်းစိုပြေသာယာလှပစေရေး ဂေဟစနစ် ပျက်သုဉ်းမှုမရှိစေရေး ကုန်းနေ ရေနေ သတ္တဝါများ မျိုးသုဉ်း ကွယ်ပျောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေးအတွက် မိဘပြည်သူများ လေ့လာမှတ်သား သိရှိလိုက်ဆောင်ရွက်နိုင်စေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှေ့ရှိ နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။

အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်တွင် ပလတ်စတစ်သုံးစွဲမှုအား လျှော့ချနိုင်စေရေး၊ ပလတ်စတစ်များအား စနစ်တကျစွန့်ပစ်‌ရေး နှစ်ရှည်သစ်ပင် သစ်တောများအားပြံးတီးမှု မရှိစေရေးအတွက် ရေရှည်ကာကွယ်ထိန်းသိမ်းနိုင်စေရေးနှင့် သဘာဝရေအရင်းမြစ်များအား စနစ်တကျ သုံးစွဲပြီး ခမ်းခြောက်မှုမရှိစေရေးအတွက် ကာကွယ်ထိန်းသိမ်း ဆောင်ရွက်နိုင်စေရေးနှင့် နှစ်စဉ် နှစ်ရှည်သစ်ပင်များအား တိုးပွားစိုက်ပျိုးနိုင်စေရေး စသည်များအား မိဘပြည်သူများ လေ့လာနိုင်စေရေးအတွက် အသိပညာပေး ခင်းကျင်းပြသပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)