ချမ်းမြသာစည် မတ်၂၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် နွေရာသီ ကျောင်းပိတ်ရက် အားလပ်ရက်ရှည်အတွင်း ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံစေရေးတို့ကို ရည်ရွယ်၍နွေရာသီ (အခမဲ့) သင်တန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း အလုပ်အမှုဆောင်များ၊ သင်တန်းနည်းပြများ၊ ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၀င်များ၊ သင်တန်းသားသူများ တက်ရောက်ခဲ့ကြသည်။
နွေရာသီ(အခမဲ့)သင်တန်းများ ဖွင့်လှစ်ရာတွင် Fitness Dance သင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတို့ဖြစ်ပြီး သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ကြရာသင်တန်းကာလမှာ ရက်သတ္တပတ်တစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ချမ်းစည်-ပြန်/ဆက်)