နွေရာသီအားလပ်ချိန်များတွင် စာပေချစ်သူများ တိုးတက်လာရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများထံသို့ စာအုပ်၊ စာစောင် သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်

မိုင်းနောင် မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် နွေရာသီအားလပ်ရက်များတွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများ ဖြစ်လာ​စေရေးအတွက် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ စာအုပ်၊ စာစောင်များကို ယနေ့နံနက် (၁၀) နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဌာနဆိုင်ရာရုံးဝန်ထမ်းမိသားစုများ စာအုပ်၊ စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး၊ ပြင်ပဗဟုသုတများရရှိစေရေးနှင့် အားလပ်ချိန်တွင် စာအုပ်စာစောင်များ ဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေး၊ စာဖတ်ရှိန်မြင့်မားရေးတို့အတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် စျေးဆိုင်များသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို တစ်လလျှင် နှစ်ကြိမ် ဝန်ဆောင်မှုပေးလျက်ရှိရာ ယခုလတွင် မြို့နယ်ခွဲစည်ပင်သာယာရေးဌာနနှင့် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)