ပုံပါကျင် မတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီစဉ်ကို ယမန်နေ့(၁)နာရီခွဲအချိန်က ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခဲ့သည်။
ပုံပါကျင်မြို့ရှိ ကျောင်းနေရွယ်ကလေးများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်လာစေရန်၊ စဉ်းစားတွေးခေါ်ဆင်ခြင်ဉာဏ်များ တိုး တက်လာစေရန် ရည်ရွယ်ပြီး ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့် အစီစဉ်များရှိသည့်အပြင် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် စာအုပ်မိတ်ဆက်ခြင်းအစီစဉ်များကိုလည်း Online မှတစ်ဆင့် ရိုက်ကူးလွှင့်တင်ပေးခဲ့ကြသည်။
ထိုသို့ရိုက်ကူးတင်ဆက်ပေးရာ ပြည်သူ့စာကြည့်တိုက်တွင် တာဝန်ရှိသူတစ်ဦးက စာရေးဆရာ မောင်မင်းစိုးရေးသားထားသော "လူငယ်နှင့်အပြောင်းအလဲ" စာအုပ်ဖြင့် မိတ်ဆက်ရိုက်ကူးကာ ပုံပါကျင်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။
သော်တာ(ပြန်/ဆက်)