မြို့သစ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

 မြို့သစ် မတ် ၂၃

မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင်  (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ အခြေခံပန်းချီပညာသင်တန်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ စီစဉ်ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ် မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ အား (၁၀)ပါး၊  ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ရက်နေ့  မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊  ကဗျာဆရာ ဖိုလေးလုံးသောင်းကိုကို၏  “ပြည်သူချစ်တဲ့ တပ်မတော်”ကဗျာနှင့် တပ်မတော်နေ့အထိမ်းအမှတ်ဆိုင်ရာ ကာတွန်းနှင့် ဆောင်ပုဒ်များ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)