နယ်ရုံးများ၏သတင်းများ

Mar 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်အတွက် ခေါင်းဆောင် ကောင်းများဖြစ်လာမည့် လူငယ်များ အသိပညာမြင့်မားရေးအတွက် ဝါသနာတူလူငယ်များ စုစည်း၍ လူငယ်အသင်း (Youth Club) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Mar 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ဘက်တီးရီးယားဌာနစိတ်) သို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
Mar 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက လူငယ်နှင့်စာရိတ္တဆွေး​နွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။
Mar 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။
Mar 27,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ယနေ့ကျရောက်သော (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Mar 25,2023
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အချိန်ကို အကျိုးရှိစွာကုန်ဆုံးစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Physical Fitness Dance သင်တန်းဖွင့်လှစ်ခဲ့သည်။
Mar 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Mar 25,2023
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူများလာရောက် ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။