မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ၌ ​နွေရာသီအ​​ခြေခံအင်္ဂလိပ် စာသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား

မရမ်းကုန်း မတ် ၂၄

​နွေရာသီ​ကျောင်းပိတ်ရက်ကာလအတွင်း က​လေးများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်​စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိ​စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်လာ​စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်(Community Centre)၌ ယမန်​နေ့နံနက်ပိုင်းက  အ​ခြေခံအင်္ဂလိပ်စာသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား​ပေးခဲ့သည်။​

အဆိုပါအင်္ဂလိပ်သင်တန်းတွင် ဆရာ​ဦးလှသိန်းကအင်္ဂလိပ်စာတွင် အ​ရေးကြီး​သော သဒ္ဒါပိုင်း ကျွမ်းကျင်မှုရှိ​စေရန်အတွက် သင်ကြား​ပေးသွားမည်ဖြစ်​ကြောင်း​ ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကာလမှာ ၂၃--၂၀၂၃ ရက်​နေ့မှ ၂၁--၂၀၂၃ ရက်​နေ့ ထိ နံနက် ၁၀း၀၀ နာရီ မှ ၁၂း၀၀နာရီအထိ(အခမဲ့) သင်ကြား​သွားမည်ဖြစ်​ကြောင်းနှင့် စုစု​ပေါင်း သင်တန်းသားဦး​ရေ(၃၅)ဦး တက်ရောက်သင်ကြားလျက်ရှိ​ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)