ပြည် မတ် ၂၄
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ “ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့”တို့ လစဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိသော စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းသို့ ဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့မှ နာယကဆရာကြီးများနှင့် စာရေးဆရာ၊ ကဗျာဆရာနှင့် စာပေဝါသနာရှင်များ စုစုပေါင်း(၁၆)ဦးတက်ရောက်ပြီး ရှေးဦးစွာနာယကဆရာကြီး ပါမောက္ခ(ငြိမ်း)ဦးကြည်နှင့် မြို့နယ်ပညာရေးမှူး (ငြိမ်း) ဦးခင်အောင်တို့က စာဖတ်ဝိုင်းနှင့်ပတ်သက်၍ မုဒိတာစကားများ ပြောကြားသည်။
ထို့နောက်တက်ရောက်လာသောဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့ဝင်များက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “နည်းလမ်းတကျ၊ တရားသဖြင့်...” ခေါင်းစဉ်ပါ ဆောင်းပါးမှသုတ/ရသ သိမှတ်ဖွယ်ရာ အကြောင်းအရာများကို စာဖတ်သူတို့၏ရှုထောင့်အသီးသီးမှအမြင်များဖြင့် အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြပြီး အခြားဗဟုသုတဆိုင်ရာ စာပေရေးရာနှင့် နည်းပညာအကြောင်းများကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)