တံတားမြို၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝါသနာတူ Book Club နှင့် Youth Clubအသင်းများပြန်လည်ဖွဲ့စည်း

တံတား ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် လူငယ်အသင်း Youth Club ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ဝါသနာတူ Club အသင်းများ ပြန်လည်ဖွဲ့စည်းရခြင်းမှာ စာပေချစ်မြတ်နိုးသူများအချင်းချင်း ရင်းနှီးကျွမ်းဝင် မှုရှိစေရန်၊ စာပေမှတစ်ဆင့်ရရှိသော အသိပညာဗဟုသုတများအား အပြန်အလှန်နှီးနှော ဖလှယ်တတ်စေရန်၊ မိမိတို့ဝါသနာပါရာကိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့လေ့လာမှတ်သားထားမှုကို တစ်ဦးနှင့်တစ်ဦး ပြန်လည်မျှဝေနိုင်ရန်၊ လူငယ်များဘဝဖွံ့ဖြိုးတက်တက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Club အသင်းများကို ဥက္ကဋ္ဌ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် (၁၀) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ရာ တက်ရောက်လာသော Club အသင်းများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် စာဖတ်ဝိုင်းများ၊ အသိပညာပေးလုပ်ငန်းများ၊ ဆွေးနွေးပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဝိုင်းဝန်းအကြုံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ