တံတားမြို့၌ နိုင်ငံသားစိစစ်ရေးကတ်လျှောက်ထားခြင်းဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်

တံတား ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်လျှောက်ထားခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေး (Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်လျှောက်ထားခြင်းနှင့်ပက်သက်၍ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများအား မေးမြန်းဆွေးနွေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကြီးကြပ်ရေးမှူး ဦးမင်းဇော်က နိုင်ငံသားစိစ်ရေးကတ်လျှောက်ထားခြင်း၊ (၁၈)နှစ်ပြည့် နိုင်ငံသားကတ်လဲလှယ်ခြင်း၊ ပျောက်ဆုံး၊ ပျက်စီး၊ နိုင်ငံသားကတ်အတွက် မိတ္တူလျှောက်ထားခြင်း၊ တရားဝင်အိမ်ထောင်စုစာရင်း လျှောက်ထားခြင်း၊ မွေးဖွားသူ အမည်စာရင်းတိုးခြင်း၊ သေဆုံးသူအမည်စာရင်းပယ်ဖျက်ခြင်း၊ ပြောင်းဝင်ခြင်း၊ လူဦးရေတိုးခြင်းစသည့်ကိစ္စရပ်များ၊ ဆောင်ရွက်ရာတွင် ယူဆောင်လာရမည့် အထောက်အထားများ၊ လျှောက်ထားသူမှ လိုက်နာရမည့်အချက်များကို ပြည်သူများ သိရှိနိုင်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(တံတားပြန်ဆက်)