နယ်ရုံးများ၏သတင်းများ

Mar 20,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်(အကြို) အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 20,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအသိပညာများတိုးပွားစေရေး၊ ရှောင်ရှားသင့်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်တိုအတွင်း သိမှတ်နိုင်စေရန်နှင့် စာအုပ်စာပေဖတ်ရှုမှုတိုးတက်စေရန် ရည်ရွက်ချက်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။
Mar 20,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၁၁ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
Mar 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကလေးငယ်များဖိတ်ခေါ်၍ ပြိုင်ပွဲများ ပြုလုပ်‌ပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
Mar 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။
Mar 20,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ လူငယ်အသိပညာ​ပေး​လုပ်ငန်းများအား​ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ လူငယ်အသိပညာ​ပေး ဟော​ပြောပွဲကျင်းပခဲ့သည်။
Mar 20,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာအုပ်/စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်ဆိုတာလန်းရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
Mar 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ပြသသည်။