ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ CLUB အသင်းများဖွဲ့စည်း

ကျောက်ကြီး ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ CLUB အသင်းများဖွဲ့စည်းမှုအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ CLUB အသင်းများဖွဲ့စည်းခြင်းလုပ်ငန်းအကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြော ကြားပြီး (Book Club) စာအုပ်စာပေချစ်မြတ်နိုး သူများအသင်းအား နာယက (၃) ဦး အပါအဝင် အဖွဲ့ဝင် (၁၅) ဦး ဖြင့်လည်းကောင်း၊ (Women Club) အမျိုးသမီးအသင်းအား နာယက (၃) ဦး အပါအဝင် အဖွဲ့ဝင် (၁၇) ဦး ဖြင့်လည်းကောင်း၊ (Youth Club) လူငယ်များအသင်းအား နာယက (၃) ဦး အပါအဝင် အဖွဲ့ဝင် (၁၂) ဦးဖြင့် လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း နာယက ပညာရေးမှူး အငြိမ်းစား ဆရာကြီးနှင့် ကျောင်းအုပ်ကြီးအငြိမ်းစား ဆရာကြီးများမှ ကျန် CLUB အဖွဲ့ဝင်များအား မိမိတို့ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် စာပေဗဟုသုတများအား ပြန်လည်မျှဝေပြောကြားခြင်း၊ ယနေ့လူငယ်များနှင့် စာပေလောကအကြောင်း၊ မိမိတို့ ဖတ်ဖူးမှတ်ဖူးထားသည့် ယခင်စာပေများ အကြောင်း CLUB အဖွဲ့ဝင်များ သိရှိနိုင်ရန် ဆွေးနွေးပြောကြား မျှဝေခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်