ကျိန္တလီ ဧပြီ ၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားဖြစ်ရသည့်အကြောင်းရင်း၊ ကလေးများလုပ်သောအလုပ်နှင့်အခွင့်အရေး၊ ကလေးများအတွက်အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရသည့် အလုပ်များ အကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒေါ်ဖြိုးဝေသူ ရုပ်သံ-၃(အင်အားပြ)က အန္တရာယ်ရှိသည့် အလုပ်မျိုးနှင့်ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသည့်အလုပ် လုပ်ကိုင်နေသည့်ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် လူမှုဆက်ဆံရေး ဆိုင်ရာဖွံ့ဖြိုးမှုအကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်လင်း