သနပ်ပင်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Online Shopping နှင့်ပတ်သက်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

သနပ်ပင် ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)  ခန်းမ၌  ယနေ့ နံနက်ပိုင်းက Online Shopping နှင့်ပတ်သက်၍  စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ အကြောင်း အသိပညာပေး ( Talk Show ) ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိူပြာက ( Talk Show )ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံဦးကျော်ဆန်း ဝင်းက Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့် အချက်များ၊  သတိပြုရမည့်အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများကို ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးပြောကြားကာ စားသုံးသူပြည်သူများ ထုတ်ကုန်ပစ္စည်းများ သုံးစွဲသည့်အခါ အခက်အခဲများရှိပါက  တိုင်းဒေသ ကြီး၊  ခရိုင်များတွင် ဖွင့်လှစ်ထားသည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်‌ရေး စင်တာ (CICC) များ၊  Website၊ Facebook Page၊  Call Center များသို့ တိုင်းကြားနိုင်ကြောင်း ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။

လှမိုး