ထန်ပါခွေ ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ ဧပြီလ (၂၆) ရက်၊ နံနက် (၁၀) နာရီအချိန်က Home Garden, School Garden စိုက်ပျိုးရန် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာန ဒု-လက်ထောက်ဦးစီးမှူး ဒေါ်ခင်သူဇာဦးက Home Garden School Garden ဟင်းသီးဟင်းရွက် မျိုးစေ့များ စိုက်ပျိုးရန် စိုက်ပျိုးနည်းစနစ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ထန်ပါခွေမြို့ စိုက်ပျိုးရေး ဦးစီးဌာန မြို့ဦးစီးမှူး ဦးဝေမင်းဦးက Home Garden School Garden စိုက်ပျိုးခြင်းဖြင့် မိမိခြံဝင်းအတွင်းမှထွက်ရှိသော ဟင်းသီးဟင်းရွက်မျိုးစေ့များအား ကိုယ်တိုင်ထုတ်လုပ်စိုက်ပျိုးခြင်းအားဖြင့် ဓါတုကင်းစင်သော ဟင်းသီးဟင်းရွက်များရရှိကာ ကျန်းမာရေးအတွက်များစွာ အထောက်အကူပြု စေရန်ရည်ရွယ်၍ ဟင်းသီးဟင်းရွက်မျိုးစေ့(၁၀)မျိုး၊ အထုပ်ရေ (၂၀၀)ကျော်အား ထန်ပါခွေမြို့ တပ်စခန်းနှင့် ဌာနဆိုင်ရာများတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)